Wednesday, February 18, 2015

ပထမဆုံး အလှူ ...

" အနာဂတ်လူငယ် " ပရဟိတအဖွဲ့ (နေပြည်တော်)ရဲ့ 
ပထမဆုံး အလှူ  ကို ၁၈-၂-၂၀၁၅ ရက်နေ့မှာ  လှူ  ဒါန်း ခဲ့ပါတယ်..

 ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးရွာမှာ ရှိတဲ့
" မြတ်ဆုမွန် " လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ မှာ 

 ညနေစာ ထမင်း တနပ်စာ ကျပ် ၁၅၀၀၀၀ိ/- 

(ကျပ်တသိန်းငါးသောင်းတိတိ) 

ကလေးငယ်များ ပညာရေးအတွက် 

ပညာရေးပဒေသာပင် ကျပ် ၅၀၀၀၀ိ/- (ကျပ်ငါးသောင်းတိတိ) 

 စုစုပေါင်း ကျပ် ၂၀၀၀၀၀ိ/- (ကျပ်နှစ်သိန်းတိတိ) 

လှူ ဒါန်း ခဲ့ ပါတယ်... 



မြတ်ဆုမွန် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ သည်

ဆင်းရဲ နွမ်းပါး တဲ့ ၊ မိဘ အုပ်ထိန်းသူ မရှိတဲ့ ၊ 
မိဘအုပ်ထိန်းသူ ရှိသော်လည်း  စောင့်ရှောက် နိုင်ခြင်း မရှိတဲ့ ...
ကလေးတွေကို 
ဆရာတော်က နေစရာပေး ...
စားစရာ ပေးပြီး ...ပညာသင် စရိတ်တွေ ထုတ်ပေး ..

ပညာသင်ပေး နေတာ ဖြစ်ပါတယ်...


အများစုက တိုင်းရင်းသား ကလေးငယ်တွေပါ .
ပအိုဝ့် .. ပလောင် ... ရှမ်း တွေတဲ့ ..

စုစုပေါင်း ... ကျောင်းသား ၈၃ ယောက်မှာ ...
ကျောင်း မတက် ရသေး ၃ ယောက် ...
ကျန်တာ အကုန် ကျောင်းတက် ...
သူငယ် တန်းက နေ .. ၁၀ တန်း အထိ ရှိတယ်..

ကျောင်းသားတွေ အတွက် အာဟာရဒါန က 
ညနေပိုင်းမှ ဆိုတော့ ...
 ဆရာတော်ကို အအေးပဲ ကပ်ရတယ်...


ကိုရင် က (၆)ပါး ရှိတယ်.....

ကလေးတွေ အတွက် ထမင်းဝိုင်းတွေ ပြင်ဆင်ပေးနေကြပြီ ...


ထမင်းမစားခင် ဆုတောင်းပေး ကြ တယ်....




 စားကြပြီ ....... 
ကြက်သား .. ငါးခြောက်နှပ် ..
အချဉ် သုပ် .. ဟင်းချို ... ငရုတ် သီး ကြော် .. တဲ့




ကလေးတွေ ပြီးတော့ ....
ကျနော်တို့ ..... အလှည့် ...


စားသောက်ပြီးတော့ ....
တရား နာ ကြ ပြီ ....



ပြုသမျှ ... ကောင်းမှု အတွက် 
အားလုံး ... 
အမျှ .. အမျှ .. အမျှ ...



ကျောင်းသားများအတွက် ပညာရေးပဒေသာပင် 

ကျပ် ၅၀၀၀၀ိ/- (ကျပ် ငါးသောင်းတိတိ)ကို  

ဆရာတော်ထံ လှူ ဒါန်းခြင်း




ဆရာတော်က ဂုဏ်ပြု မှတ်တမ်း လွှာကို 

အနာဂတ်လူငယ် ပရဟိတအဖွဲ့သားများထံ ပေးအပ်



ဂုဏ်ပြု မှတ်တမ်း လွှာ



 0

No comments:

Post a Comment