(က) မြန်မာနိုင်ငံအတွင်း နေထိုင်သူ လူမျိုး/ဘာသာမရွေး
အမှန်တကယ် လိုအပ်သူများနှင့် အခက်အခဲ ရှိသူများကို
ဖေးမကူညီရန်။
(ခ) အများကောင်းကျိုး သယ်ပိုးဆောင်ရွက်ရန်။
Monday, December 29, 2014
အနာဂတ်လူငယ် ပရဟိတအဖွဲ (နေပြည်တော်)
အနာဂတ်လူငယ် ပရဟိတအဖွဲ့(နေပြည်တော်)
=========================
'အနာဂတ်လူငယ်' ပရဟိတအဖွဲ့(နေပြည်တော်)ကို
စေတနာတူ ၀ါသနာတူ သူငယ်ချင်းများ၊ မိတ်ဆွေများ စုစည်းကာ
ဆင်းရဲနွမ်းပါး၍ အကူအညီ လိုအပ်နေသူများ၊ အကူအညီ လိုအပ်
သော နေရာများကို ကူညီဖေးမ နိုင်ရန် ဖွဲ့စည်းထားပါသည်။
အတတ်နိုင်ဆုံး ကိုယ်ထိလက်ရောက် တိုက်ရိုက် ကူညီပေးနိုင်သည့်
လုပ်ငန်းများကို စတင်လုပ်ဆောင်မည် ဖြစ်ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင်လည်း ပွင့်လင်းမှု၊ ထင်သာ မြင်သာ
ရှိမှု၊ တာဝန်သိမှုများဖြင့် ဆောင်ရွက်ပါမည်။ ထို့အတူ အကူအညီ
အစောင့်ရှောက်ခံ ပုဂ္ဂိုလ်များ၏ လူသားဂုဏ်သိက္ခာနှင့် လူ့တန်ဖိုး
ဖြစ်သော အခြေခံလူသားအခွင့်အရေးများကို ဦးစားပေးဆောင်ရွက်
သွားမည်ဖြစ်ပြီး၊ ၁-၁-၂၀၁၅ ရက်နေ့မှ စတင်ဖွဲ့စည်း၍ လုပ်ငန်း
များ ဆောင်ရွက်မည် ဖြစ်ပါသည်။

Subscribe to:
Posts (Atom)